အလှုမင်္ဂလာပွဲများသွားရောက်မည့် ပျိုမေလေးများအတွက် လွယ်ကူပြီး ကိုယ်တိုင်ပြုလုပ်၍ ရနိုင်သော လှပရိုးရှင်းသော နောက်တွဲဆံထုံးလေးကို ဖန်တီးပေးလိုက်ပါတယ်။
1.ဆံပင်အနည်းငယ်ယူပါ။
ဘယ်ဘက်ခြမ်းအရှေ့ဘက်နှင့် ညာဘက်ခြမ်းအရှေ့ဘက်မှ ဆံပင်အနည်းငယ်ဆီကိုယူပါမည်။
2.ဆံပင်စည်းပါ။
ဘယ်ဘက်ခြမ်းနှင့် ညာဘကဘ်ခြမ်းမှအနည်းငယ်ယူထားသော ဆံပင်ကိုစည်းပါမည်။
3.ဆံပင်ကိုအထဲသို့လိပ်ပါ။
စည်းထားသောဆံပင်ကို အထဲသို့ပြန်လိပ်ထည့်ပါမည်။
လိပ်ထည့်ထားသော ဆံပင်ကိုအောက်သို့ပြန်ဆွဲချပါမည်။
4.ဆံပင်စည်းပါ။
အောက်မှကျန်နေသည့် ဆံပင်အားလုံးကို သားရေကြိုးဖြင့်စု၍ စည်းပါမည်။
5. ကွင်းဝိုင်းသုံးပါ။
ဆံထုံးလုပ်ရန်အတွက်ကွင်းဝိုင်းကို သုံးပါမည်။
6. ကလစ်ထိုးပါ။
ကွင်းဝိုင်းကို စည်းထားသောဆံပင်၏ အပေါ်နားမှာထား၍ ကွင်းဝိုင်းလေး၏ ထောင့်နားလေးများတွင် ကလစ်ထိုးပါမည်။
7. ဆံပင်ထပ်စည်းပါ။
ပထမစည်းထားသော ဆံပင်၏အောက်ဘက်နားမှ ဆံပင်ကိုထပ်စည်းပါမည်။
8. ဆံထုံးလုပ်ပါ။
စည်းထားသော ဆံပင်ကိုအပေါ်သို့ပြန်တင်ပါမည်။
အပေါ်သို့ပြန်တင်ထားသော ဆံပင်များကို အပေါ်ကလစ်ထိုးထားသော ကွင်းဝိုင်းထဲသို့ ထည့်ပါမည်။
ဆံပင်အားလုံးကို ထည့်ပါမည်။
ဆံပင်အားလုံးထည့်ပြီးသော အခါတွင်ဆံပင်များကိုသပ်ရပ်စွာလုပ်၍ လိုအပ်သည့်နေရာများတွင် ကလစ်ထိုးပါမည်။
9.အလှဆင်ပါမည်။
ကျေက်ဆံထိုးလေးများဖြင့် အလှဆင်ပါမည်။
10.ပြီးပြည့်စုံသွားပါပြီ။