Fancy ဆံပင်စည်းနည်း

0

ရုံးဝန်ထမ်းပျိုမေလေးများနှင့် ဆယ်ကျော်သက်ပျိုမေလေးများတို့ အပြင်သွားသည့်အခါ အလွယ်တကူမိမိတို့ကိုယ်တိုင် ပြုလုပ်လို့ရနိုင်သည့် ရိုးရှင်းလှပပြီး ချစ်စရာကောင်းသော Fancy ဆံပင်စည်းနည်းလေးကို ဖန်တီးပေးလိုက်ပါတယ်။

ဆံပင်အပေါ်တစ်လွှာကိုယူ၍ စည်းပါမည်။
ဆံပင်စည်းပါ။

ဘယ်ဘက်ခြမ်းအရှေ့မှ ဆံပင်အနည်းငယ်ကိုယူပါမည်။

အနည်းငယ်ယူထားသော ဆံပင်ကိုသုံးပိုင်းခွဲပါမည်။

သုံးချောင်းထိုးကို ဆံပင်ဆုံးသည်အထိ ကျစ်သွားပါမည်။

သုံးချောင်းထိုးကျစ်ထားသည့် အောက်ဖက်မှ ဆံပင်အနည်းငယ်ကိုထပ်ယူပါမည်။

အနည်းငယ်ယူထားသော ဆံပင်နှင့် သုံးချောင်းထိုးကျစ်ထားသောဆံပင်တို့ကို တွဲ၍ ပထမစည်းထားသောဆံပင်၏ ညာဘက်ခြမ်းအောက်ပို့ပါမည်။

ညာဘက်ခြမ်းသို့ပို့ပြီးလျှင် ကလစ်ထိုးပါမည်။
အနည်းငယ်ယူထားသော ဆံပင်နှင့် သုံးချောင်းထိုးကျစ်ထားသောဆံပင်တို့ကို တွဲ၍ ပထမစည်းထားသောဆံပင်၏ ညာဘက်ခြမ်းအောက်ပို့ပါမည်။

ညာဘက်ခြမ်းကိုလည်း ဘယ်ဘက်ခြမ်းကဲ့သို့ ဆက်လက်လုပ်ဆောင်ပါမည်။

အပေါ်အဆင့်အတိုင်းပြုလုပ်ထားသော ညာဘက်ခြမ်းမှဆံပင်ကို ဘယ်ဘက်ခြမ်းစည်းထားသည့် ဆံပင်အောက်သို့ပို့၍ ကလစ်ထိုးပါမည်။