ဆရာမလေးများ နှင့် ရုံးဝန်ထမ်း ပျိုမေလေး များအတွက် အချိန်ကုန် သက်သာ ပြီ မိမိကိုယ်တိုင် ပြုလုပ်လို့ ရသည့် လှပ၍ကျက်သရေရှိသော ကျစ်ဆံမြှီးဆံထုံးလေးကို ဖန်တီးပေးလိုက်ပါတယ်။
1.ဆံပင်စည်းပါ။
ဆံပင်အားလုံးကို အနောက်တွင်စု၍ စည်းပါမည်။
2.ဆံပင်ကိုလိတ်ပါ။
စည်းထားသောဆံပင်ကို အလယ်ကိုခွဲပါမည်။
ခွဲထားသောဆံပင်ထဲကို အောက်မှဆံပင်များကို ပြန်ထည့်ပါမည်။
ဆံပင်အားလုံးကို ပြန်ထည့်ပါမည်။
3.ဆံပင်ကို နှစ်ဖက်ခွဲပါမည်။
ပြန်လိတ်ထည့်၍ အောက်မှကျန်နေသည့် ဆံပင်များကို နှစ်ဖက်ခွဲပါမည်။
4.သုံးချောင်းထိုးကျစ်ပါ။
နှစ်ဖက်ခွဲထားသောဆံပင်၏ဘယ်ဘက်ခြမ်းကို သုံးပိုင်းခွဲပါမည်။
သုံးချောင်းထိုးကျစ်ပါမည်။
ဆံပင်ကိုဆုံးသည်အထိ ဆက်ကျစ်၍အဆုံးတွင် သားရေကြိုးစည်းပါမည်။
5. ဆက်လက်လုပ်ဆောင်ပါ။
ညာဘက်ခြမ်းကိုလည်း ဘယ်ဘက်ခြမ်းကဲ့သို့ ဆက်လက်လုပ်ဆောင်သွားပါမည်။
6.ဆံထုံးလုပ်ပါ။
ဘယ်ဘက်ခြမ်းမှသုံးချောင်းထိုးကျစ်ထားသော ဆံပင်ကို ညာဘက်ခြမ်းသို့ပို့ပါမည်။
ဆံပင်ကိုဆုံးသည်အထိ ပတ်ပါမည်။
7. ကလစ်ထိုးပါ။
ဆုံးသည့်နေရာတွင်ကလစ်ထိုးပါမည်။
အပေါ်ဘက်နားမှဆံပင်ကို ကလစ်ထိုးပေးပါမည်။
8.ဆက်လက်လုပ်ဆောင်ပါ။
ညာဘက်ခြမ်းမှသုံးချောင်းထိုးကျစ်ထားသောဆံပင်ကိုလည်း ဘယ်ဘက်ခြမ်းကဲ့သို့ ဆက်လက်လုပ်ဆောင်၍ အဆုံးတွင်ကလစ်ထိုးပေးပါမည်။
9.အလှဆင်ပါမည်။
မိမိကြိုက်နှစ်သက်ရာ Accessories များဖြင့်အလှဆင်ပါမည်။
10. ပြီးပြည့်စုံသွားပါမည်။