ဆယ်ကျော်သက်ပျိုမေလေးများအားလုံးနှင့် လိုက်ဖက်မှုရှိစေ ပြီး ရိုးရှင်းလှပ၍ ချစ်စရာကောင်းသော ဆံပင်တစ်ဝက်ထုံးနည်းလေးကို ဖန်တီးပေးလိုက်ပါတယ်။
1.ဆံပင်တစ်ဝက်စည်းပါ။
ဆံပင်အပေါ်တစ်လွှာကိုယူ၍ ဘေးတစ်စောင်းစည်းပါမည်။
2. ဆံထုံးလုပ်ပါ။
စည်းထားသောဆံပင်ကို အပေါ်သို့ပြန်ပတ်ပါမည်။
ဆံပင်ကိုဆုံးသည်အထိပတ်ပေးပါမည်။
ဆံပင်ကိုပတ်၍ဆုံးသည့်နေရာတွင် ကလစ်ထိုးပါမည်။
3.ဆံပင်အနည်းငယ်ယူပါ။
ဘယ်ဘက်ခြမ်းမှဆံပင်အနည်းကို ယူပါမည်။
4. ဆံပင်ကိုလိမ်ပါ။
ဆံပင်ကိုနှစ်ခြမ်းခွဲပါမည်။
ခွဲထားသောဆံပင်ကို ဘယ်ညာပို့၍ လိမ်ပါမည်။
ဆံပင်ဆုံးသည်အထိလိမ်ပါမည်။
5.ဆံထုံးတွင်ပတ်ပါ။
လိမ်ထားသောဆံပင်ကို ဆံထုံးတွင်ပတ်ပါမည်။
ဆံထုံးတွင်ပြန်ပတ်၍ ဆုံးသည့်နေရာတွင် ကလစ်ထိုးပါမည်။
6.ဆက်လက်လုပ်ဆောင်ပါ။
ညာဘက်ခြမ်းကိုလည်းဘယ်ဘက်ခြမ်းကဲ့သို့ ဆက်လက်လုပ်ဆောင်ပါမည်။
7.ဆံထုံးတွင်ပတ်ပါ။
ညာဘက်ခြမ်းမှလိမ်ထားသောဆံပင်ကိုလည်း ဆံထုံးတွင်ပြန်ပတ်ပါမည်။
ဆံထုံးတွင်ပြန်ပတ်၍ ဆုံးသည့်နေရာတွင်ကလစ်ထိုးပါမည်။
8.အလှဆင်ပါ။။
မိမိနှစ်သက်ရာ ပစ္စည်းလေးများဖြင့် အလှဆင်ပါမည်။
9.ပြီးပြည့်စုံသွားပါပြီ။