ပျိုမေများ လှပသပ်ရပ်စွာ အလွယ်တကူ ပြုလုပ်နိုင်သည့် အနောက် Fancy ဆံထုံးလေး နှင့် မိတ်ဆက်ပေးလိုက်ပါတယ်။
1.ဘယ်ဘက်ဘေး အရှေ့ဆံပင်ကို နောက်သို့ ယူပါ။
ဘယ်ဘက်ရှေ့ဘေး မှ ဆံပင်အနည်းငယ်ကို နောက် သို့ ယူ၍ကလစ်ထိုး ပါ။
2.ဆံပင် ကို နှစ်ပိုင်းခွဲပါ။
ညာဘက် အရှေ့မှ ဆံပင်ကို နှစ်ပိုင်းခွဲ လိုက်ပါ။
ရှေ့ဆံပင်ကို အနည်းငယ်ချန်ထား၍ ကျန်ဆံပင်ကို နောက်သို့ ယူ၍ကလစ်ထိုးပါ။
3.ကလစ် ထိုးပါ။
ညာဘက် အရှေ့ချန်ထားသော ဆံပင်ကိုလည်း အနောက် သို့ ယူပါ။
ညာဘက် အရှေ့ချန်ထားသော ဆံပင်ကိုလည်း အနောက် သို့ ယူ၍ကလစ်ထိုးပါ။
4.ဆံထုံးပုံစံလုပ်ပါ။
အောက်နား မှ ကျနေသောဆံပင်ကို အနည်းငယ်ခွဲယူလိုက်ပါ။
အပေါ် သို့ ခေါက်တင်ကာကလစ်ထိုးပါ။
ဒုတိယ ဆံပင်ကိုလည်း အပေါ် သို့ ခေါက်တင်ကာ ကလစ်ထိုးပါမည်။
တတိယ ဆံပင်ကိုလည်း အနည်းငယ်ခွဲ ယူလိုက်ပါ။
တတိယ အနည်းငယ်ယူထားသော ဆံပင်ကိုလည်း ခေါက်တင်ကာ ကလစ်ထိုးပါမည်။
ကျန်ရှိနေ သော ဆံပင်ကိုလည်း အပေါ် သို့ ခေါက်တင်ပါမည်။
ခေါက်တင် ထားသောဆံပင်ကိုလည်း ကလစ်ထိုးပါမည်။
5.အလှဆင်ပါမည်။
မိမိနှစ်သက်ရာ Accessories ဖြင့် အလှဆင်ပါမည်။
6.ပြီးပြည့်စုံပါပြီ။