ပျိုမေလေးများ ကိုယ်တိုင်အလွယ်တကူပြုလုပ်နိုင်ပြီး မြန်မာဆန်ဆန် အ၀တ်အစားလေးများဖြင့် လိုက်ဖက်မှုရှိစေမည့် လှပပြီးချစ်စရာကောင်းသော ပန်းပွင့်ပုံ နောက်တွဲဆံထုံးလေးကို ဖန်တီးပေးလိုက်ပါတယ်။
1.ဆံပင်အနည်းငယ်ယူပါ။
ဘယ်ဘက်ခြမ်းအရှေ့ဘက်မှ ဆံပင်အနည်းငယ်ကို ယူပါမည်။
2.ဆံပင်ကိုနှစ်ခြမ်းခွဲပါ။
ဘယ်ဘက်ခြမ်းအရှေ့ဘက်မှယူထားသော ဆံပင်ကို နှစ်ခြမ်းခွဲပါမည်။
3.ဆံပင်ကိုလိမ်ပါ။
နှစ်ခြမ်းခွဲထားသောဆံပင်ကို ညာမှဘယ်သို့ပို့ပါမည်။
ညာမှဘယ်သို့ပို့ထားသောဆံပင်ကို လိမ်ပါမည်။
ဆံပင်ကိုအောက်ဘက်နားထိဆက်၍ လိမ်သွားပြီးအဆုံးတွင် သားရေကြိုးစည်းပါမည်။
4. ဆက်လက်လုပ်ဆောင်ပါ။
ညာဘက်ခြမ်းကိုလည်း ဘယ်ဘက်ခြမ်းကဲ့သို့ ဆက်လက်လုပ်ဆောင်သွားပါမည်။
5.ဆံပင်ကိုစည်းပါ။
ဘယ်ဘက်ခြမ်းနှင့် ညာဘက်ခြမ်းမှလိမ်ထားသော ဆံပင်နှစ်ခုကို အလယ်တွင်စု၍ သားရေကြိုးဖြင့် စည်းပါမည်။
6. သုံးချောင်းထိုးကျစ်ပါ။
အောက်တွင်ကျန်ရှိနေသည့် ဆံပင်များကိုသုံးပိုင်းခွဲပါမည်။
သုံးချောင်းထိုးကျစ်ပါမည်။
ဆံပင်ဆုံးသည်အထိသုံးချောင်းထိုးကို ဆက်ကျစ်သွားပြီး အဆုံးတွင် သားရေကြိုးဖြင့် စည်းပါမည်။
7.ဆံပင်ကိုဖွပါ။
သုံးချောင်းထိုးကျစ်ထားသော ဆံပင်ကိုအနည်းငယ်ဆီဖွပေးပါမည်။
ဆံပင်ကိုဆုံးသည်အထိ ဖွပေးပါမည်။
8.ဆံထုံးလုပ်ပါ။
ဖွပြီးသောကျစ်ဆံမြှီးကို အပေါ်သို့ပြန်လိပ်တင်ပါမည်။
လိပ်တင်ပြီးသောဆံပင်ကို အ၀ိုင်းပုံစံလေးပြုလုပ်ပါမည်။
အ၀ိုင်းပုံစံပြုလုပ်ပြီး အဆုံးတွင် လိုအပ်သည့်နေရာများကို ကလစ်ထိုးပါမည်။
9.အလှဆင်ပါမည်။
ကျောက်ဆံထိုး၊ကျောက်ကလစ်လေးများဖြင့် အလှဆင်ပါမည်။
10.ပြီးပြည့်စုံသွားပါပြီ။