ပွဲတက်အမျိုးသမီးများအတွက် လွယ်ကူအဆင်ပြေစေမည့်ပုံစံပန်းပုံစံ ဆံထုံးလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
1.ဘယ်ဘက်အရှေ့မှ ဆံပင်အနည်းငယ်ယူပါ။
ဘယ်ဘက်အရှေ့မှ ဆံပင်အနည်းငယ်ယူ ၍လိမ်ပါမည်။
2. အောက်မှဆံပင်ကိုယူပါ။
အောက်မှ ဆံပင် အနည်းငယ်ကိုထပ်ယူပါမည်။
3. အလိမ်ထပ်လုပ်ပါ။
အောက်မှအနည်းငယ်ထပ်ယူထားသော ဆံပင်နှင့်ပေါင်းပြီး အလိမ်လုပ်ပါမည်။
4. အလိမ်ပုံစံထပ်လုပ်ပါ။
ဆံပင်အလယ်ကိုရောက်သည်ထိ ဆံပင်ကိုအနည်းငယ်စီ ယူ၍အလိမ်လုပ်သွားပါမည်။
5. ကလစ်ဖြင့်တွယ်ပါ။
အလိမ်လုပ်ထားသော ဆံပင်အဆုံးနေရာတွင် ကလစ်ဖြင့်တွယ်ပါမည်။
6. ညာဘက်အရှေ့မှ ဆံပင်အနည်းငယ်ယူပါ။
ညာဘက်အရှ့မှဆံပင်အနည်းငယ်ကိုယူ၍ လိမ်ပါမည်။
7.အောက်မှဆံပင် အနည်းငယ်ထပ်ယူပါ။
အောက်မှဆံပင် အနည်းငယ်ကိုယူ၍ လိမ်ပါမည်။
8. အလိမ်ပုံစံထပ်လုပ်ပါ။
အောက်မှယူထားသော ဆံပင်ကို ပေါင်းပြီးအလိမ်ပုံစံလုပ်သွားပါမည်။
9. ကလစ်ဖြင့်တွယ်ပါ။
ဆံပင်အလည် ဆုံးသည့်နေရာထိလိမ်ယူလာသော ဆံပင်ကို ကလစ်ဖြင့်တွယ်ပါမည်။
10. ဆံပင်ကိုနှစ်ပိုင်း ခွဲပါ။
အောက်တွင်ကျန်ရှိနေသေး သော ဆံပင်ကို နှစ်ခြမ်းခွဲပါမည်။
11. ဆံပင်ကိုလိမ်ပါ။
နှစ်ခြမ်းခွဲထားသော ဆံပင်ကို နှစ်ပင်လိမ်ပါမည်။
12. ဆံပင်ကိုရစ်ပါ။
လိမ်ထားသော ဆံပင်ကိုအပေါ်မှရစ်ပါမည်။
13.ကလစ်ဖြင့်တွယ်ပါ။
အပေါ်မှရစ်ခွေထားသော ဆံပင်ကို ကလစ်ဖြင့်တွယ်ပါမည်။
14.ဆံပင်ကိုလိမ်ပါ။
ညာဘက်အောက်မှ ဆံပင်ကို နှစ်ပင်လိမ်ပါမည်။
15.ဆံပင်ကို ရစ်ခွေပါ။
နှစ်ပင်လိမ်ကျစ်ထားသော ဆံပင်ကိုအပေါ်မှယူ၍ ရစ်ပါမည်။
16.ကလစ်ဖြင့်တွယ်ပါ။
ရစ်ခွေထားသော ဆံပင်ကို ကလစ်ဖြင့်တွယ်ပါမည်။
17.ဆံထိုးဖြင့် အလှဆင်ပါ။
မိမိကြိုက်နှစ်သက်ရာ ဆံထိုးဖြင့် အလှဆင်ပါမည်။
18.ဆံထိုးဖြင့် အလှဆင်ပါ။