ပျိုမေများ အလွယ်တကူ ပြုလုပ်၍ ရနိုင်သော Fancy ကျစ်ဆံမြှီးကို မိတ်ဆက်ပေးလိုက်ပါတယ်။
1.အရှေ့ဆံပင်ကိုအနည်းငယ် ယူပါ။
ညာဘက်အရှေ့မှဆံပင်ကို အနည်းငယ်ယူ၍ သရောကြိုးဖြင့် စည်းပါ။
2.ဘယ်ဘက်ဆံပင်ကိုယူပါ။
ဘယ်ဘက်ရှေ့ မှ ဆံပင်ကျစ်ဆံမြှီးကျစ်ရန် သုံးခုခွဲပါ။
3.ကျစ်ဆံမြှီးကျစ်ပါ။
ဘယ်ဘက်ရှေ့ မှ သုံးခုခွဲထားသော ဆံပင်ကိုကျစ်ဆံမြှီးကျစ်ပါ။
4. ဆက်လက်၍ ကျစ်ဆံမြှီးကျစ်ပါ။
ဘယ်ဘက်အရှေ့မှ စည်းထားသော ဆံပင်များအထဲမှအနည်းငယ် ယူ၍ ကျစ်ဆံမြီးကျစ်လာသော ဆံပင်များ နှင့် ပေါင်းကာကျစ်ဆံမြှီး ကျစ်သွားပါမည်။
ဒုတိယတခုကိုလည်း ဘယ်ဘက်အရှေ့မှ စည်းထားသော ဆံပင်များအထဲမှအနည်းငယ် ယူ၍ ကျစ်ဆံမြီးကျစ်လာသော ဆံပင်များ နှင့် ပေါင်းကာကျစ်ဆံမြှီး ကျစ်သွားပါမည်။
တတိယတခုကိုလည်း ဘယ်ဘက်အရှေ့မှ စည်းထားသော ဆံပင်များအထဲမှအနည်းငယ် ယူ၍ ကျစ်ဆံမြီးကျစ်လာသော ဆံပင်များ နှင့် ပေါင်းကာကျစ်ဆံမြှီး ကျစ်သွားပါမည်။
စတုတ္တတခုကိုလည်း ဘယ်ဘက်အရှေ့မှ စည်းထားသော ဆံပင်များအထဲမှအနည်းငယ် ယူ၍ ကျစ်ဆံမြီးကျစ်လာသော ဆံပင်များ နှင့် ပေါင်းကာကျစ်ဆံမြှီး ကျစ်သွားပါမည်။
5.သားရေ ကြိုးစည်းပါ။
ကျစ်ဆံမြှီးကျစ်ထားပြီးသော ဆံပင်ကိုသားရေကြိုး ဖြင့်စည်းပါ
6.အလှဆင်ပါမည်။
မိမိနှစ်သက်ရာ ဖဲပွင့်ပုံဖြင့်လည်းအလှဆင်ပါမည်။