ပျိုမေများအခက်အခဲမရှိ မိမိတို့ကိုယ်တိုင် ပြုလုပ်လို့ရနိုင်သော လွယ်ကူလှပသည့် ရိုးရှင်းသောဆံပင်ပုံစံလေးကို ဖန်တီးပေးလိုက်ပါတယ်။
1.ဆံပင်စည်းပါ။
ဘေးတစ်ဖက်အပေါ်လွှာမှ ဆံပင်အနည်းငယ်ယူ၍ ဆံပင်စည်းပါ။
2.ဆက်လက်လုပ်ဆောင်ပါ။
ဒုတိယတစ်ခုကိုလည်း ပထမတစ်ခုကဲ့သို့ ဆံပင်အနည်းငယ်ယူ၍ စည်းပါမည်။
တတိယနဲ့စတုတ္ထကိုလည်း အပေါ်အဆင့်အတိုင်းဆက်လက်လုပ်ဆောင်သွားပါမည်။
3.ဆံပင်ကိုအတွင်းသို့ပြန်ထည့်ပါ။
စည်းထားသော ဆံပင်ကိုအပေါ်သို့ပြန်ထည့်ရန် လက်ညှိုးလေးဖြင့်ဟထားပါမည်။
စည်းထားသောဆံပင်ကို အပေါ်သို့ပြန်ထည့်ပါမည်။
ကျန်အဆင့်များကိုလည်း ပထမအဆင့်အတိုင်းဆက်လက်လုပ်ဆောင်သွားပါမည်။
4.အလှဆင်ပါ။
ပန်းပွင့်လေးများဖြင့်အလှဆင်ပါမည်။
5. ပြီးပြည့်စုံသွားပါပြီ။