ပျိုမေလေးများအတွက် ရိုးရှင်းလွယ်ကူ၍ လှပပြီးချစ်စရာကောင်းသော ကျစ်ဆံမြှီးတစ်ဝက်အလှစည်းနည်းလေးကို ဖန်တီးပေးလိုက်ပါတယ်။
1.ဆံပင်အနည်းငယ်ယူပါ။
ဘယ်ဘက်ခြမ်းအရှေ့ဘက်မှဆံပင်အနည်းငယ်ကိုယူပါမည်။
2.ကျစ်ဆံမြှီးကျစ်ပါ။
အရှေ့ဘက်မှအနည်းငယ်ယူထားသော ဆံပင်ကိုသုံးချောင်းထိုးကျစ်ဆံမြှီးကျစ်ပါမည်။
ကျစ်ထားသောဆံပင်ကို ညာဘက်သို့ပို့၍ ကလစ်ထိုးပါမည်။
3.ဆံပင်အနည်းငယ်ထပ်ယူပါ။
ကျစ်ဆံမြှီးအောက်ဘက်မှဆံပင်အနည်းငယ်ကို ထပ်ယူပါမည်။
အနည်းငယ်ယူထားသော ဆံပင်ကိုညာဘက်သို့ပို့၍ ကလစ်ထိုးပါမည်။
4.ဆံပင်အနည်းငယ်ယူပါ။
ညာဘက်ခြမ်းအရှေ့ဘက်မှဆံပင်အနည်းငယ်ကို ယူပါမည်။
5. ကျစ်ဆံမြှီးကျစ်ပါ။
ညာဘက်ခြမ်းအရှေ့ဘက်မှ ဆံပင်အနည်းငယ်ကိုယူ၍ သုံးချောင်းထိုးကျစ်ပါမည်။
ကျစ်ထားသောဆံပင်ကို ဘယ်ဘက်သို့ပို့၍ ကလစ်ထိုးပါမည်။
6. ဆံပင်အနည်းငယ်ထပ်ယူပါ။
ကျစ်ဆံမြှီးအောက်ဘက်မှဆံပင်အနည်းငယ်ကို ထပ်ယူပါမည်။
အနည်းငယ်ယူထားသော ဆံပင်ကို ဘယ်ဘက်သို့ပို့၍ ကလစ်ထိုးပါမည်။
7.အလှဆင်ပါ။
ကျေက်ကလစ်လေးများဖြင့် အလှဆင်နိုင်ပါသည်။