ပျိုမေလေးများအတွက် လွယ်ကူရိုးရှင်းပြီး လှပသပ်ရပ်သော ဖဲပြားကျစ်ဆံမြှီး လေးကိုဖန်တီးပေးလိုက်ပါတယ်။
1.ကျစ်ဆံမြှီးကျစ်ပါ။
အပေါ်မှဆံပင်အနည်းငယ်ကိုယူ၍ သုံးချောင်းထိုးကျစ်ပါမည်။
အောက်မှဆံပင်အနည်းငယ်ကိုယူ၍ သုံးချောင်းထိုးဆက်ကျစ်ပါမည်။
ဆံပင်ဆုံးသည်အထိသုံးချောင်းထိုးဆက်ကျစ်၍ အဆုံးတွင်သားရေကြိုးစည်းပါမည်။
2.ဖဲပြားလုပ်ပါ။
ဘယ်ဘက်မှချန်ထားသော ဆံပင်နှင့်ပထမကျစ်ဆံမြှီးကျစ်ထားသော ဆံပင်တို့ကို ပေါင်း၍သားရေကြိုးစည်းပါမည်။
စည်းထားသောဆံပင်၏ တစ်ဝက်လောက်မှပြန်၍ သားရေကြိုးထပ်စည်းပါမည်။
တစ်ဝက်စည်းထားသောဆံပင်ကို ဘေးသို့ပို့၍ အလယ်မှတစ်ဝက်ခွဲပါ။
အလယ်မှတစ်ဝက်ခွဲထားသောဆံပင်၏ အောက်ဘက်နားမှအနည်းငယ်ကျန်ရှိနေသည့် ဆံပင်ကိုအလယ်သို့ပြန်ခေါက်တင်၍ ကလစ်ထိုးပြီး ဖဲပြားပုံလုပ်ပါ။
3.ပြီးပြည့်စုံသွားပါပြီ။